Thursday, November 10, 2016

Viber 6.5.0.3367 APK

အင်တာနက်ပေါ်ကနေ အခမဲ့ ဖုန်းခေါ်နိုင်တဲ့အပြင် စာ၊ ဓာတ်ပုံ ၊ animation နဲ့ video အတိုလေးတွေ အပြန်အလှန် ပို့နိုင်တဲ့ Viber ကို နိုင်ငံတကာက mobile user အတော်များများ အသုံးပြုကြပါတယ်။
အရင်က Viber ရဲ့အသုံးဝင်မှုဟာ ဖုန်းခေါ်ဆိုဖို့နဲ့ Chatting ပြုလုပ်ဖို့ထက် မပိုခဲ့ပေမယ့် အသစ်ထွက်ရှိလာတဲ့ Version 6.5 update မှာတော့ အသုံးဝင်မှုတစ်ခု တိုးလာပြီဖြစ်ပါတယ်။ ဒါကတော့ public account ပြုလုပ်လို့ ရခြင်းပါပဲ။ Public account ရဲ့ အဓိကအသုံးဝင်ပုံကတော့ စီးပွားရေးလုပ်ငန်း (brands, business) တွေနဲ့ ဝယ်ယူသုံးစွဲသူ(customers) တွေ ရဲ့ကြားမှာ အကောင်းဆုံး ဆက်သွယ်ပေးနိုင်မယ့် feature တစ်ခုဖြစ်ပါတယ်။ ဥပမာ စီပွားရေးလုပ်ငန်းတစ်ခုခု က Viber ပေါ်မှာ Public account ပြုလုပ်ထားရင် ဆက်သွယ်ချင်တဲ့ customer တွေအနေနဲ့ ဖုန်းနံပါတ်သိစရာ၊ ရှာဖွေစရာ မလိုတော့ဘဲ စာပို့ပြီး ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ Facebook ပေါ်က စီးပွားရေးလုပ်ငန်း Page တွေကို message box ကနေ စာပို့ပြီးဆက်သွယ်လို့ရသလိုမျိုးပါပဲ။                                                                                                    download link  viber.apk

No comments:

Post a Comment