Wednesday, November 9, 2016

App Store နဲ့ Play Store ပေါ်က Fake Apps တွေကို ဘယ်လိုခွဲခြားသိနိုင်မလဲ

Apple ရဲ့ Play Store ပေါ်မှာ ရာဂဏန်းကျော် အရေအတွက်ရှိတဲ့ အတုအယောင် shopping apps တွေ ရှိနေတာကို တွေ့ရှိခဲ့ပြီး ဒီလို App တွေဟာ Google Play Store ပေါ်မှာလည်းရှိနေပါတယ်။ Mobile User တွေအတွက်တော့ ဒါဟာ ကြီးမားတဲ့ ပြဿ      နာတစ်ခုဖြစ်ပါတယ်။
Fake apps တွေမှာတွေ့ရတဲ့ ads တွေကနေတစ်ဆင့် ဖုန်းအတွက်ထိခိုက်စေတဲ့ virus တွေ ၊ User တွေရဲ့ personal information တွေကို ခိုးယူတတ်တဲ့ malware တွေ ပါလာတတ်တဲ့အတွက် Mobile user တွေအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အရင်ကတော့ ဒီလို Fake apps တွေဟာ အခြားသော app store တွေမှာသာရှိတတ်တဲ့အတွက် နည်းပညာကျွမ်းကျင်သူတွေက Apple App Store နဲ့ Google Play Store ပေါ်ကနေသာ App တွေကို Download ပြုလုပ်ကြဖို့ လမ်းညွှန်ကြ ပေမယ့် အခုအချိန်မှာတော့ စိတ်ချရပါတယ်ဆိုတဲ့ Apple App Store နဲ့ Google Play Store တို့ပေါ်မှာ တောင် Fake app တွေဝင်ရောက်နေပြီဖြစ်တဲ့အတွက် User တွေ မှားယွင်းစွာ install မလုပ်မိစေဖို့ အလွယ်တကူ ခွဲခြားသိနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေလိုက်ပါတယ်။
  • ဘယ်သူ ထုတ်လုပ်လဲ ဆိုတာကို စစ်ပါ။ ဒီနေရာမှာ သတိပြုရမှာက ထုတ်လုပ်တဲ့ ကုမ္ပဏီနာမည်က အစ ပုံစံတူ ပေးတတ်တဲ့အတွက် Fake ကို အမှန်တကယ်လို့ထင်သွားနိုင်ပါတယ်။ ဥပမာအနေနဲ့ Overstock.com က အစစ်ဖြစ်ပြီး Overstock Inc က Fake ဖြစ်ပါတယ်။
  • Apple App Store နဲ့ Google Play Store ပေါ်က review တွေကို စစ်ပါ။ အစစ်အမှန် app တစ်ခုမှာ (များသောအားဖြင့်) positive review တွေ ထောင်ဂဏန်းရှိပါတယ်။ Fake app တွေမှာတော့ review တွေ မရှိသလောက်ပါပဲ။
  • Publish date ကို စစ်ပါ။ Fake app တွေရဲ့ publish date တွေဟာ မကြာခင်က ရက်စွဲတွေဖြစ်နေပါလိမ့်မယ်။ အဲ့ဒီ ရက်စွဲတွေဟာ Real app တွေအတွက်တော့ “updated on” date တွေဖြစ်ပါတယ်။ ပိုသေချာချင်ရင်တော့ ဒီ app က ဒီရက်စွဲမှာထွက်ရှိတာလားဆိုတာ သေချာအောင် မိတ်ဆွေဟောင်းကြီးဖြစ်တဲ့ Google ကိုမေးကြည့်သင့်ပါတယ်။
  • Title နဲ့ Description နေရာတွေက စာလုံးပေါင်းအမှားတွေကို စစ်ပါ။ Fake apps အကုန်လုံးနီးပါးက တရုတ်က လာတာဖြစ်တဲ့အတွက် app အကြောင်းရေးသားထားတဲ့ စာကြောင်းတွေမှာ စာလုံးပေါင်းအမှားတွေနဲ့ အသုံးအနှုန်းအမှားတွေ ရှိတတ်ပါတယ်။
  • Discount ပေးထားတဲ့ app တွေကို အထူးသတိထားပါ။ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာ ချင့်ချိန်ပါ။
  • သံသယရှိနေရင်တော့ browser ထဲကနေ Store ရဲ့ website ထဲကိုဝင်လိုက်ပါ။ အဲဒီမှာ “Get our app” ဆိုတဲ့ icon (or) button ကိုရှာပါ။ အဲဒါက စစ်မှန်တဲ့ app ကို Download ရယူနိုင်မယ့် Apple App Store (or) Google Play Store ဆီကို ခေါ်ဆောင်သွားပေးမှာသေချာပါတယ်။

No comments:

Post a Comment